Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တံတားဦးမြို့နယ်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (Grade - 12 ) ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် ဆက်လက်ဖြေဆို
Jun 17,2025
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်တန်း Grade – 12 ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့နံနက်(၉)နာရီအချိန်က စတင်၍ တံတားဦးမြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် အေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက် ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မှော်ဘီမြို့နယ်၌ ရေစီးရေလာကောင်းမွန်စေရေးနှင့် လမ်းပိတ်ဆို့မှုမရှိစေရေးအတွက် ကွင်းဆင်းဆောင်ရွက်
Jun 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ မိုးရာသီသို့ရောက်ရှိလာပြီဖြစ်၍ ရပ်ကွက်များအတွင်းရှိ ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေလျှံခြင်းမဖြစ်ပေါ်စေရန် ရေဝင်ရေထွက်ရေမြောင်းများ ရှင်းလင်းဖယ်ရှားဆောင်ရွက်ခြင်း လုပ်ငန်းများနှင့် ရန်ကုန်ပြည်လမ်းမကြီး၌ လေပြင်းတိုက်ခတ်၍ ကျွန်းပင်များလဲကျခဲ့ပြီး လမ်းပေါ်ကျရောက်မှုများအားဖယ်ရှားခြင်းကို ယမန်နေ့နံနက်က တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ကျောက်ဆည်မြို့ရေဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှု ကြည့်ရှုအားပေး
Jun 17,2025
မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ရေကြီးနစ်မြုပ်ခြင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်လာပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက် (၉) နာရီက မန္တလေးတိုင်းသကြီး၊ ကျောက်ဆည်မြို့ မင်းရဲဆည်တွင် ရေဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပျော်ဘွယ်မြို့နယ်တွင်၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ(အင်္ဂလိပ်စာဘာသာရပ်) ဆက်လက်ဖြေဆို
Jun 17,2025
ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ပြန်လည်ဖြေဆိုခြင်းကို ယနေ့နံနက်(၉)နာရီကစတင်ကာ သတ်မှတ်စာစစ်ဌာန(၈)ခုတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ(၁၀၃၁) ဦး ဆက်လက်ဖြေဆို
Jun 17,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၅ ခုနှစ်ဇွန်လ(၁၆)ရက်နေ့မှစတင်၍ ပြန်လည်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာ ဘာသာရပ်အား ယနေ့နံနက်(၉) နာရီတွင် ကျောင်းသား၊ ကျောင်းသူ(၁၀၃၁)ဦး အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်
Jun 17,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား တူညီဝတ်စုံများထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့တွင် အသက် ၁၂ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး
Jun 17,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် အသက် ၁၂ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Pfizer ထိုးနှံပေးခြင်းကို ဇွန်လ ၁၆ ရက်နံနက် ၉ နာရီ အချိန်မှစတင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်း မြို့တွင်အမှိုက်များ စနစ်တကျခွဲခြားစွန့်ပစ်ရေး အသိပညာပေးခြင်းနှင့် သရုပ်ပြသခြင်းများဆောင်ရွက်
Jun 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် မြို့စည်ပင်သာယာရေးအဖွဲ့မှအမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ်ရေး အသိပညာ ပေးဟောပြောခြင်းနှင့် သရုပ်ပြဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နေ့လယ်(၁)နာရီအချိန်က အ.မ.က (ရွှေဘို) ကျောင်းနှင့် စည်ပင်သာယာရေးအဖွဲ့ရုံး မြို့မစျေးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1358
Page
1359
Page
1360
Page
1361
Current page
1362
Page
1363
Page
1364
Page
1365
Page
1366
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department