အမြို့မြို့အနယ်နယ်သတင်းများ

Jun 17,2025
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာ ဘာသာရပ်ကို ယနေ့နံနက် ၉ နာရီမှစ၍ စာစစ်ဌာန (၄) ခုတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Jun 17,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နေ့လယ် ၁၂ နာရီခွဲက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 17,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းကို ခရိုင်အတွင်းရှိ ကျေးရွာ ၆ ရွာတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာန တာဝန်ရှိသူထံက သိရသည်။
Jun 17,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနက ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ ပြည်ထောင်စုအခွန်အကောက်ဥပဒေအပါအဝင် ပြည်တွင်းအခွန်များဦးစီးဌာနက စည်းကြပ်ကောက်ခံလျက်ရှိသည့် အခွန်များနှင့်စပ်လျဉ်း၍ ဒုတိယအကြိမ် အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီက ခရိုင်နှင့်မြို့နယ်စုပေါင်းရုံးရှိ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။  
Jun 17,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို အိုးမြေတွင်းကျေးရွာအုပ်စုမှ တောင်သူလယ်သမားများထံ ချေးငွေကျပ် ၂၃၁ သိန်းကို ယနေ့နံနက်ပိုင်းက ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
Jun 17,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဝမ်လွေ့ကျေးရွာအနီး၊ နမ့်ဖတ်ချောင်း၌ စိုက်ပျိုးရေရှိရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရေလွှဲဆည်ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်ကြည့်ရှု စစ်ဆေးခဲ့သည်။
Jun 17,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီခွဲအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။