Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သာပေါင်းမြို့နယ် ကျီးပင်အင်း၊ သဲတမံရိုးချောင်း အင်းရေပြင်ကျယ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ ၂၀၀၀၀၀ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ
Jun 17,2025
ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနသည် ငါးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေးအတွက် ငါးမျိုးများ စိုက်ထည့်ခြင်း၊ အင်းချောင်းများ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သာပေါင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြစ်ချောင်းအင်းအိုင်များတွင် ငါးသယံဇာတရေသယံဇာတ တိုးပွားစေရေးနှင့် ကျေးလက်နေပြည်သူများ ငါးရိက္ခာပိုမိုဖူလုံလာစေပြီး စားသုံးမှုမြင့်မားလာစေရေး၊ သားစဉ်မြေးဆက် ငါးစားသုံးနိုင်ရေးအတွက် ရည်ရွယ်၍ ကြေးတိုင်အင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျီးပင်ကျေးရွာအုပ်စု၊ ကျီးပင်အင်း၊ သဲတမံရိုးချောင်း အင်းရေပြင်ကျယ်အတွင်းသို့ စုပေါင်းငါးမျိုးစိုက်ထည့်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တီးတိန်မြို့၌ လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပ
Jun 17,2025
ချင်းပြည်တီးတိန်မြို့၌ လူငယ်များအသိပညာ ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းခွဲ မြို့မရပ်ကွက်တီးတိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီတွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်
Jun 17,2025
မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်ခြင်းကို အ.ထ.က(၁) မြဝတီ၌ ယနေ့နံနက် (၁၀) နာရီက ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့ မြို့မအခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်၊ စာစောင်ပြပွဲနှင့်လက်ကမ်းစ…
Jun 17,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီး ဌာနတို့ပူးပေါင်းပြီး ယနေ့မွန်းလွဲ (၁) နာရီက ကျောက်ဆည်မြို့ မြို့မအခြေခံပညာအထက်တန်းကျောင်းဘက်စုံသုံးခန်းမတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်၊ စာစောင်ပြပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့နယ်၌ အမှိုက်များခွဲခြားစွန့်ပစ်ရန် အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများဆောင်ရွက်
Jun 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ အမှိုက်များခွဲခြားစွန့်ပစ်ရန် အသိပညာပေးခြင်းနှင့်လက်တွေ့ သရုပ်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးဝန်းအတွင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့နယ်တွင် (Pfizer JN.1) အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်
Jun 17,2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီတွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအား ထိုးနှံပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်တွင် စိတ်ကျန်းမာရေးဆိုင်ရာများနှင့် ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Jun 17,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ စိတ်ကျန်းမာရေးဆိုင်ရာများနှင့် ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရှိ စာစစ်ဌာနများ၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲပထမနေ့ ဖြေဆိုနေမှုအား လိုက်လံကြည့်ရှုအားပေး
Jun 17,2025
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကချင်ပြည်နယ်အတွင်း မြို့နယ်(၁၂)ခုတွင်စာစစ်ဌာန (၂၂)ခု ဖွင့်လှစ်၍ ယမန်နေ့နံနက်ပိုင်းမှစတင်ပြီး ပြန်လည်ကျင်းပပြုလုပ်လျက်ရှိရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ရှိ စာစစ်ဌာနများတွင် ဖြေဆိုလျက်ရှိသော ကျောင်းသား/ကျောင်းသူများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1351
Page
1352
Page
1353
Page
1354
Current page
1355
Page
1356
Page
1357
Page
1358
Page
1359
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department