ရေတာရှည် ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပတ်ဝန်းကျင်သန့်ရှင်းစေရန်နှင့် အမှိုက်များ စနစ်တကျစွန့်ပစ်စေရန်အတွက် တောင်ငူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အ.ထ.က(ရေတာရှည်)ကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရေတာရှည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦီးဟန်ရှိန်မှ အဖွင့်အမှာစကားပြောကြားပြီး စွန့်ပစ်ပစ္စည်းများ၏ ညစ်ညမ်းမှုအန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ အမှိုက်များကို စနစ်တကျခွဲခြားစွန့်ပစ်ခြင်းဖြင့် ညစ်ညမ်းမှုအန္တရာယ်ကို လျော့ကျစေနိုင်ပြီး လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင်ရေးအတွက် သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကိုထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း ဟောပြောခဲ့သည်။
ဆက်လက်၍ တောင်ငူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခိုင်သက်ဝေမှ အမှိုက်များကို အမျိုးအစားခွဲ၍ စနစ်တကျခွဲခြား စွန့်ပစ်ခြင်းကို အသိပညာပေးဟောပြောခဲ့ပြီး လက်တွေ့သရုပ်ပြမှုများ ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)