Child Friendly Spaces Training for Facilitators and Implementers သင်တန်းဖွင့်ပွဲ ကျင်းပ

ရန်ကုန် ဇွန် ၁၇

မြန်မာနိုင်ငံကြက်ခြေနီအသင်းရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနနှင့် ဒိန်းမတ်နိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းကျင်းပသော Child Friendly Spaces Training for Facilitators and Implementers သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ParkRoyal Hotel တွင် ကျင်းပရာ အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မျိုးညွန့်က အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းက Country Manager, Mr.Fabio Beltramini နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ Head of Emergency Operations, Mr. Necephor Mghendi တို့က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

သင်တန်းဖွင့်ပွဲသို့ အသင်းဥက္ကဋ္ဌနှင့်အတူ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းနှင့် ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းတို့က တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အဆိုပါသင်တန်းကို ဇွန်လ(၁၆)ရက်နေ့မှ ဇွန်လ(၂၀)ရက်နေ့အထိ ပြုလုပ်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာလုပ်အားရှင် စုစုပေါင်း(၂၅)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)