ကျိုက်လတ် ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ အမှိုက်များခွဲခြားစွန့်ပစ်ရန် အသိပညာပေးခြင်းနှင့်လက်တွေ့ သရုပ်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးဝန်းအတွင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ကျိုက်လတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသက်နိုင်ဝင်းက အမှိုက်များအား ခွဲခြားစွန့်ပစ်ရန်လိုအပ်ကြောင်းနှင့် အမှိုက်အမျိုးအစား (၄) မျိုးဖြစ်သည့် အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်နှင့် ဘေးအန္တရာယ်ရှိသော အမှိုက်များအားစနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရေး မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများအား အသိပညာပေးနှင့် သရုပ်ပြသခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ဒေသခံပြည်သူများ၊ စျေးရောင်းစျေးဝယ်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ဘေးအန္တရာယ်ရှိ အမှိုက်၊ အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ် အမှိုက်စသည့် အမှိုက်များအား စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန် အသိပညာပေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်မင်းအောင်