တီးတိန်မြို့၌ လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပ

တီးတိန် ဇွန် ၁၇

ချင်းပြည်တီးတိန်မြို့၌ လူငယ်များအသိပညာ ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူး‌ပေါင်းပြီး အသိပညာပေးဟော‌ပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အ‌မှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းခွဲ မြို့မရပ်ကွက်တီးတိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းက အ‌မှာစကားပြောကြားကာ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ဒိုင်းခန့်ဒိမ့်၊ ကျောင်းတာဝန်ခံဆရာ ဦးထန်လျန်းကိမ်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ဒိမ့်ဒိတ်ဟွဲတို့က လူငယ်နှင့်ပညာ၊လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်စာရိတ္တခေါင်းစဉ်များဖြင့် ဟောပြောခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်ကြရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)