အမြို့မြို့အနယ်နယ်သတင်းများ

Jun 19,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်‌‌မြေခရိုင်၊ချမ်းမြသာစည်မြို့နယ်တွင် ပြန်လည်ဖြေဆိုသည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ ၁၆ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဘာသာရပ်များကို ကျောင်းသား၊ကျောင်းသူများက စာစစ်ဌာန အသီးသီးတွင် စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိသည်။  ချမ်းမြသာစည်မြို့နယ်တွင် စာစစ်ဌာန( ၆)နေရာထားရှိကာ ယနေ့ ဓာတုဗေဒဘာသာရပ် ဖြေဆိုရာတွင် စာရင်းရှိကျောင်းသား /သူ (၂၀၉၁ ) ဦး၊ ပျက်ကွက် ကျောင်းသား/သူ ( ၃၆) ဦး၊ ဖြေဆို ကျောင်းသား/သူ (၂၀၅၅) ဦး ဖြေဆိုခဲ့ကြပြီး ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၈.၂၈ ရာခိုင်နှုန်းဖြစ်သည်။ ပထဝီ ဘာသာရပ်တွင် စာရင်းရှိကျောင်းသား /သူ (၄၅) ဦး၊ ဖြေဆိုကျောင်းသား/သူ (၄၅) ဦးဖြစ်ပြီး ရာခိုင်နှုန်းပြည့် ဖြေဆိုခဲ့ကြသည်။
Jun 19,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် အခြေခံစက်ချုပ်(မွမ်းမံ)သင်တန်းဆင်းပွဲအခမ်းအနားအား ယနေ့ နံနက်ပိုင်းက ကျုံးစံပြကျေးရွာရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 19,2025
မန္တလေးတိုင်းဒေသကြီး ၊ ချမ်းအေးသာစံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပဖြေဆိုလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က အမှတ်( ၁၄) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိကာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို အားပေးကြည့်ရှုခဲ့သည်။
Jun 19,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် စာစစ်ဌာနသုံးနေရာဖြင့်  ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ယနေ့နံနက် ၉ နာရီခွဲအချိန်မှစတင်၍ ပထဝီဝင်ဘာသာရပ်နှင့် ဓာတုဗေဒဘာသာရပ်အား ကျောင်းသား/သူများဆက်လက် ဖြေဆိုလျက်ရှိကြောင်းသိရသည်။
Jun 19,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် Grade-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲကို သတ်မှတ်စာစစ်ဌာနများတွင် ယနေ့နံနက် (၉)နာရီအချိန်က ဓာတုဗေဒ၊ ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။
Jun 19,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ဇွန်လ (၁၈) ရက်နေ့က ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ တန်ခိုးကြီးဘုရားများအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ပြုပြင်မွမ်းမံထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
Jun 19,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် ရုံးဝန်ထမ်းသား၊ သမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပခဲ့သည်။