အမြို့မြို့အနယ်နယ်သတင်းများ

Jun 18,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ် နွေစပါးမျိူးစေ့ထုတ် စိုက်ခင်းဧက (၂၀၀) ကွင်းသရုပ်ပြပွဲနှင့် စံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မိတ္ထီလာမြို့နယ် ထမုန်ကန်ကျေးရွာအုပ်စု စက်ပစ်တောင်ကျေးရွာ ဦးပိုင်အမှတ် ၁၀၅၊ ကွင်းအမှတ် ၈၄၉ ရှိ နွေစပါး မျိူးစေ့ထုတ်စိုက်ခင်း ဧက (၂၀၀)ရှိ တောင်သူ ဦးမြင့်အေး၏ စိုက်ဧက ၂.၅၀ ဧကတွင်  ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
Jun 18,2025
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီမှစ၍ စာစစ်ဌာန (၄)ခုတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Jun 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ မိုးရာသီကာလဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်များနှင့် ရုတ်တရက်ရေကြီးရေလျှံမှုများ ဖြစ်ပွားလာပါက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေးနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြည်သူလူထုပူးပေါင်းပါဝင်သော ရေပြင်ရှာဖွေကယ်ဆယ်ရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းသရုပ်ပြပွဲ အခမ်းအနားအား ယနေ့နံနက် (၁၀) နာရီက ​အမှတ် (၁) ရပ်ကွက်၊ တိုးတက်အောင်ရေယာဥ်ဆိပ်ကမ်းတွင် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 18,2025
တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ပြုလုပ်သော ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မန္တလေး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ ကျွဲစွန်းဆိပ်ကမ်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
Jun 18,2025
တံတားဦးခရိုင်/မြို့နယ် ၂၀၂၅ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၇)နာရီက တံတားဦးမြို့ အမှတ်(၃)ရပ်ကွက်  သမိုင်းဝင်ရွှေသာလျောင်းဘုရားကြီး(ပေါင်းလဲကြီး) ပရဝုဏ်ဝန်းတွင်း၌ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်ကျင်းပခဲ့ကြောင်းသိရသည်။
Jun 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက မြို့ကျက်သရေဆောင်သာသနာ့ဗိမာန်၌ သံဃာတော်များနှင့် သီလရှင်များအား ဆက်လက်ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 18,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းဆောင်ရွက်ပေးခဲ့သည်။
Jun 18,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်းများ၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ၊ သုတ/ရသစာအုပ်များနယ်လှည့်ငှားရမ်းပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း စသည့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၇)အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။