ချမ်းမြသာစည်မြို့နယ်တွင် ဓာတု‌ဗေဒနှင့်ပထဝီဘာသာရပ်များကို ကျောင်းသား၊ ကျောင်းသူ ၂၁၀၀ ဦး စိတ်အေးချမ်းသာစွာ ဖြေဆို

ချမ်းမြသာစည်   ဇွန် ၁၉

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်‌‌မြေခရိုင်၊ချမ်းမြသာစည်မြို့နယ်တွင် ပြန်လည်ဖြေဆိုသည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ ၁၆ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဘာသာရပ်များကို ကျောင်းသား၊ကျောင်းသူများက စာစစ်ဌာန အသီးသီးတွင် စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိသည်။  ချမ်းမြသာစည်မြို့နယ်တွင် စာစစ်ဌာန( ၆)နေရာထားရှိကာ ယနေ့ ဓာတုဗေဒဘာသာရပ် ဖြေဆိုရာတွင် စာရင်းရှိကျောင်းသား /သူ (၂၀၉၁ ) ဦး၊ ပျက်ကွက် ကျောင်းသား/သူ ( ၃၆) ဦး၊ ဖြေဆို ကျောင်းသား/သူ (၂၀၅၅) ဦး ဖြေဆိုခဲ့ကြပြီး ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၈.၂၈ ရာခိုင်နှုန်းဖြစ်သည်။ ပထဝီ ဘာသာရပ်တွင် စာရင်းရှိကျောင်းသား /သူ (၄၅) ဦး၊ ဖြေဆိုကျောင်းသား/သူ (၄၅) ဦးဖြစ်ပြီး ရာခိုင်နှုန်းပြည့် ဖြေဆိုခဲ့ကြသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကိုကိုသန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းမြင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်တာဝန်ရှိသူများသည် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချမ်းမြေ့