မဟာအောင်မြေ ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရမည့် Grade12 ကျောင်းသား၊ ကျောင်းသူများ ဓာတုဗေဒနှင့်ပထဝီဝင်ဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုသည့် စာစစ်ဌာန(၅)ခု၌ ဓာတုဗေဒဘာသာရပ်ဖြေဆိုမည့် စာရင်းရှိ (၁၀၄၂)ဦး၊ ဖြေဆိုသူ ( ၁၀၂၁ )ဦး၊ ပျက်ကွက်( ၂၁ )ဦး (၉၇.၉၈)%နှင့် ပထဝီဝင်ဘာသာရပ်ဖြေဆိုမည့် စာရင်းရှိ (၁၁)ဦး၊ ဖြေဆိုသူ (၁၀)ဦး၊ ပျက်ကွက်( ၁ )ဦး (၉၀.၉၁)%ရှိပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် စာစစ်ဌာန (၅) ခု၏ ပတ်ဝန်းကျင်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်နှင့်ဌာနတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းများနှင့် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များက လုံခြုံရေး၊ ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဇော်မင်း