Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အိမ်မဲမြို့ အ.လ.က(ခွဲ) ညောင်ဝိုင်းကျောင်းတွင် စွန့်ပစ်အမှိုက် (၄)မျိုးခွဲခြားစွန့်ပစ်မှုအကြောင်း ဟောပြောပွဲကျင်းပ
Jun 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အ.လ.က(ခွဲ) ညောင်ဝိုင်းကျောင်းတွင် စွန့်ပစ်အမှိုက် (၄) မျိုးခွဲခြားစွန့်ပစ်မှုအကြောင်း ဟောပြောပွဲ ကျင်းပပြီး လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့၌ ပန်ကာဖွင့်ထားရာမှ အပူလွန်ကဲပြီးဝါယာလျှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွား
Jun 18,2025
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် မြို့မ (၁) ရပ်ကွက်၊ မင်းလမ်း၊ ရန်ကုန်-မန္တလေးကားလမ်းဘေးရှိ ညောင်လေးပင်မြို့၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းရုံးအောက် မြေညီထပ်တွင် ဒေါ်နီနီလှိုင်၊ အသက် (၅၃) နှစ်၊ (အဘ) ဦးရှန်လှိုင်၊ တရုတ်/ဗုဒ္ဓ ညောင်လေးပင်မြို့နေသူပိုင်ဆိုင်သည့် " King " မုန့်တိုက်ဆိုင်၌ ယနေ့နံနက် (၇) နာရီ ၁၀ မိနစ်အချိန်က ပန်ကာဖွင့်ထားရာမှ အပူလွန်ကဲပြီးဝါယာလျှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့၌ အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့်ရောင်းချ
Jun 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယမန်နေ့နံနက် (၇) နာရီအချိန်က ဖျာပုံမြို့ မြို့မစျေးကြီးရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူမြို့နယ်၊ ချောင်းဖြူကျေးရွာ၌ အခြေခံစက်ချုပ်နည်းသင်တန်းဖွင့်လှစ်
Jun 18,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ချောင်းဖြူကျေးရွာအုပ်စု၊ ချောင်းဖြူကျေးရွာ၌ တောင်ငူခရိုင်စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းအစီအစဥ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အခြေခံစက်ချုပ်နည်းသင်တန်းကို ဇွန် ၁၀ ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့တွင် ဆက်လက်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဗိုလ်တထောင်မြို့နယ်၌ အဆင့်မြှင့်ပန်းချီသင်တန်းဆင်းပွဲ ကျင်းပ
Jun 18,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် အဆင့်မြှင့်ပန်းချီသင်တန်းကို ဇွန်လ(၁၁)ရက်မှ (၁၇)ရက်နေ့အထိ (၇)ရက်သင်တန်းဖွင့်လှစ်ခဲ့ရာ ယမန်နေ့ညနေ (၄) နာရီခွဲအချိန်တွင် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့နယ်တွင် မိုးစပါးရာသီမြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်းခြင်း၊ RS မျိုးစေ့ပေးအပ်ခြင်းနှင့် (Drum Se…
Jun 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီမြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ထည့်သွင်းခြင်း၊ RS မျိုးစေ့ပေးအပ်ခြင်းနှင့် (Drum Seeder) မျိုးစေ့ချကိရိယာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် ဖက်သောင်ကျေးရွာအုပ်စု တောင်သူဦးရွှေထူး၏လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ်၌ တက္ကသိုလ်ဝင် စာမေးပွဲ၏ တတိယမြောက်နေ့ သင်္ချာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ ( ၉၇.၉၁ ) ရာခိုင်နှုန်း ဆက်လက်ဖြေဆို
Jun 18,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ၏ တတိယမြောက်နေ့ သင်္ချာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ ( ၉၇.၉၁ ) ရာခိုင်နှုန်း ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်
Jun 18,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့နံနက် ၁၀ နာရီအချိန်က ညောင်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1340
Page
1341
Page
1342
Page
1343
Current page
1344
Page
1345
Page
1346
Page
1347
Page
1348
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department