ညောင်ဦးမြို့နယ်၌  ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်နှင့်ဓာတုဗေဒဘာသာရပ် ဆက်လက်ဖြေဆို

ညောင်ဦး ဇွန်  ၁၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် စာစစ်ဌာနသုံးနေရာဖြင့်  ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ယနေ့နံနက် ၉ နာရီခွဲအချိန်မှစတင်၍ ပထဝီဝင်ဘာသာရပ်နှင့် ဓာတုဗေဒဘာသာရပ်အား ကျောင်းသား/သူများဆက်လက် ဖြေဆိုလျက်ရှိကြောင်းသိရသည်။

ညောင်ဦးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)၊ အခြေခံပညာအထက်တန်းကျောင်း(ပုဂံ)နှင့်အခြေခံ ပညာအထက်တန်း ကျောင်း(တောင်ဇင်း)တို့တွင် ဖြေဆိုလျက်ရှိရာ  အ-ထ-ကညောင်ဦးတွင် ၃၇၂ ဦး၊ အ-ထ-က ပုဂံတွင် ၁၇၀ ဦး၊ အ-ထ-ကတောင်ဇင်းတွင် ၁၄၆ ဦး၊ စုစုပေါင်း ၆၈၈ ဦးတို့ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိကြောင်း၊ ဖြေဆိုမှုရာခိုင်နှုန်း ၉၆.၆၃ ရာခိုင်နှုန်း ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ညောင်ဦးမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသား၊ ကျောင်းသူများ စိတ်အေး ချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက အပြင်စည်းစောင့်ရှောက်ပေးလျက် ရှိကြောင်း သိရသည်။

ဒီပါလင်း