မြောင်းမြ ဇွန် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက မြို့ကျက်သရေဆောင်သာသနာ့ဗိမာန်၌ သံဃာတော်များနှင့် သီလရှင်များအား ဆက်လက်ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို မြောင်းမြခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်မင်းသိုက် ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက မြောင်းမြမြို့နယ် သံဃနာယကဆရာတော်ကြီးများ၊ ပရိယတ္တိစာသင်တိုက်ကြီးများ၊ ဘုန်တော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများမှ ရဟန်း၊ သာမဏေ၊ သီလရှင် ဆရာကြီး၊ ဆရာလေး စုစုပေါင်း (၁၅၀) ပါးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဇေယျာ