တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနက ဧရာဝတီမြစ်အတွင်း ငါးကောင်ရေ (၇)သိန်း စိုက်ထည့်

အောင်မြေသာစံ ဇွန် ၁၈

တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ပြုလုပ်သော ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မန္တလေး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ ကျွဲစွန်းဆိပ်ကမ်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားတွင် ငါးခုံးမကြီးကောင်ရေ လေးသိန်း၊ရွှေဝါငါးကြင်းကောင်ရေ (၂) သိန်း၊ ငါးမြစ်ချင်းကောင်ရေ (၁) သိန်း၊ စုစုပေါင်း ငါးကောင်ရေ (၇)သိန်းကို ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်း‌ဒေသကြီးဦးဌာနမှူး ဦးထွန်းထွန်းဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ အောင်မြေသာစံမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနဦးစီးမှူး ဒေါ်စိုးစိုးငြိမ်း၊ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သရက်ကုန်း ငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးထွန်းနာင်ဝင်း၊ နတ်ရေကန်ငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်စန်းစန်းဦးနှင့် ငါးလုပ်ငန်းဦးစီးဌာနဝန်ထမ်းများက ဧရာဝတီမြစ်အတွင်း ငါးမျိုးများ စိုက်ထည့်ပေးကြကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)