Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပင်လောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ရုံးစာရေးသားနည်းသင်တန်းဖွင့်လှစ်
Jun 17,2025
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများအား ရုံးလုပ်ငန်းများ ကျွမ်းကျင်မှုရှိစေပြီး ရုံးလုပ်ငန်းများတွင် နေ့စဉ်ဆောင်ရွက်နေရမည့် အဓိကလုပ်ငန်းတစ်ခုဖြစ်သည့် ရုံးစာများရေးသားမှုများ ပိုမိုကျွမ်းကျင်လာစေရန် ရည်ရွယ်၍ ရုံးစာရေးသားနည်းသင်တန်းကို လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့နံနက်ပိုင်းမှ စတင်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုနေမှုများအား သွားရောက်ကြည့်ရှုအားပေး
Jun 17,2025
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်စာမေးပွဲကြီးအား စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၁ မြို့နယ်ဖြေဆိုခဲ့ရာ ၂၈-၃-၂၀၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ်၌ အဖြေလွှာများအား စာစစ်လုပ်ငန်းများ ဆောင်ရွက်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆိုပါမီးလောင်မှုဖြစ်စဉ်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာမြို့နယ်အပါအဝင် (၁၃) မြို့နယ်စာစစ်ဌာန ၂၅ ခုမှ ဘာသာစုံဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ၏ တက္ကသိုလ်ဝင်တန်းအဖြေလွှာများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ် ၈ လုံး ပြိုလဲပျက်စီး
Jun 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ယမန်နေ့ နံနက် ၅ နာရီခန့်က လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် တာခွကျေးရွာအုပ်စု၊ အင်းယက်ကြီးကျေးရွာရှိ နေအိမ် ၆ လုံးမှာ အမိုးလန်ပျက်စီးခြင်း၊ နေအိမ်တစ်လုံးပြိုကျခြင်းနှင့် နေအိမ်တစ်လုံးပေါ်သို့ သစ်ပင်တစ်ပင်လဲကျခြင်းတို့ ဖြစ်ပွားသည်။
အပြည့်အစုံ ဖတ်ရန်
ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် YGW အဝါရောင်မျိုးဆက်သစ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့ ပူးပေါင်း၍ “စာဖတ်ရှိန်မြှင့်တင်ရ…
Jun 17,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာ YGW အဝါရောင်မျိုးဆက်သစ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းစာသင်ဆောင်တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကဝမြို့နယ်၌ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jun 17,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဌာနက ဦးဆောင်ပြုလုပ်သည့် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အ.ထ.က(ကဝ)ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်မြို့နယ် ကျောက်တောခေတ် မီစံပြကျေးရွာ၌ အသိပညာပေး အခမ်းအနားပြုလုပ်
Jun 17,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ကျောက်တောကျေးရွာအုပ်စု၊ ကျောက်တောခေတ်မီစံပြကျေးရွာ၌ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို အဆိုပါကျေးရွာဓမ္မာရုံ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေကြီးရေလျှံမှုကာကွယ်ရေးဆောင်ရွက်ထားမှု မြို့တော်ဝန် ကွင်းဆင်းကြည့်ရှု
Jun 17,2025
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီသည် အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များ၊ ဌာနမှူးများ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက် ၈ နာရီက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၂၇) ရပ်ကွက် အမှတ် (၆) ရေတံခါးတွင် အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု) က ဒီရေတက်ချိန်မိုးသည်းထန်စွာ ရွာသွန်းပါက ရေကျော်ဝင်ရောက်ခြင်းမှ ကာကွယ်ရေးဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးတံခွန်မြို့နယ်(ဃ)ရပ်ကွက်၊ ကျန်းမာရေးဦးစီးဌာနတွင် အသက်(၅၀)နှင့်အထက် ပြည်သူများအား Covid-19 ရောဂါကြိုတင် ကာကွယ်ဆေး ထိုးနှံပေး
Jun 17,2025
မန္တလေးတိုင်းဒေသကြီး၊ပြည်ကြီးတံခွန်မြို့နယ်၊(ဃ)ရပ်ကွက်၊ကျန်းမာရေးဦးစီးဌာနတွင် ယနေ့မွန်းလွဲ ၂ နာရီအချိန်က ကျန်းမာရေးဦးစီးဌာနမှ ဆရာမ ဒေါ်မြတ်မိုးဦးနှင့် အဖွဲ့ဝင်များက အသက် (၅၀)နှင့်အထက် Covid-19 ရောဂါကြိုတင်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1334
Page
1335
Page
1336
Page
1337
Current page
1338
Page
1339
Page
1340
Page
1341
Page
1342
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department