ပင်လောင်း ဇွန် ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများအား ရုံးလုပ်ငန်းများ ကျွမ်းကျင်မှုရှိစေပြီး ရုံးလုပ်ငန်းများတွင် နေ့စဉ်ဆောင်ရွက်နေရမည့် အဓိကလုပ်ငန်းတစ်ခုဖြစ်သည့် ရုံးစာများရေးသားမှုများ ပိုမိုကျွမ်းကျင်လာစေရန် ရည်ရွယ်၍ ရုံးစာရေးသားနည်းသင်တန်းကို လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့နံနက်ပိုင်းမှ စတင်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူမြစောက ရုံးဝန်ထမ်းများအား ရုံးစာရေးသားရာတွင် အခြေခံရမည့်အချက်များ၊ ရုံးစာရေးသားနည်း အမျိုးအစားများ၊ အကြောင်းအရာခေါင်းစဉ်တပ်ခြင်း၊ စာအထားအသိုစနစ်နှင့် ရုံးစာရေးသားနည်းတွင် အသုံးပြုရမည့်ခေါင်းစဉ်(၇)ခု အမျိုးအမည်များ၊ အမှာစာရေးနည်းသားများကို စာတွေ့လက်တွေ့ရေးသားနည်းများကို ဇွန်လ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့ထိ နှစ်ရက်တာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)