ရေကြီးရေလျှံမှုကာကွယ်ရေးဆောင်ရွက်ထားမှု မြို့တော်ဝန် ကွင်းဆင်းကြည့်ရှု

ရန်ကုန် ဇွန် ၁

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာ‌ရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီသည် အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များ၊ ဌာနမှူးများ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက် ၈ နာရီက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၂၇) ရပ်ကွက် အမှတ် (၆) ရေတံခါးတွင် အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု) က ဒီရေတက်ချိန်မိုးသည်းထန်စွာ ရွာသွန်းပါက ရေကျော်ဝင်ရောက်ခြင်းမှ ကာကွယ်ရေးဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

အဆိုပါရေတံခါးသည် မူလအရှည် ၅၁ ပေ၊ ရေတံခါးအပေါက် (၈) ပေါက်ပါရှိပြီး ရေတက်ရေကျ ပိုမိုထိန်းညှိနိုင်ရန်အရှည် (၂၅) ပေ ရေတံခါးအပေါက် (၃) ပေါက် ထပ်မံတိုးချဲ့တည်ဆောက်နေခြင်း ဖြစ်​​သည်။

အောင်မြင့် (ပြန်/ဆက်)