အမြို့မြို့အနယ်နယ်သတင်းများ

Jun 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ကြီးမှူး၍ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသရုပ်ပြပွဲအခမ်းအနားအား ယနေ့နံနက် ၉ နာရီက ဝါးတောကျေးရွာအုပ်စု၊ ဝါးတောကျေးရွာ(ဝါးတောရေတံခါး)ရှိ ညောင်တုန်း ကျွန်းတာ(ဧရာဝတီမြစ်ခွဲ)တာမိုင် ၂၄/၂ တွင် ဆောင်ရွက်သည်။
Jun 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ရွှေပြည်သာမြို့နယ်၊ အမှတ် (၆) ရပ်ကွက် သီရိမင်္ဂလာလမ်း၊ အမှတ် (၂၄၈) ဦးအောင်မင်း MRCCO.LTD မှ ကြက်ဥအလုံးရေ (၂၀၀၀၀) ထုတ်ယူရရှိခဲ့ပါသည်။
Jun 17,2025
ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းပါ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်းအတွက် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်သည်။
Jun 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် နံနက် ၈ နာရီက နည်းပညာတက္ကသိုလ် (ဟင်္သာတ) ကျောင်းဝင်းအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။
Jun 17,2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ရာသီအလိုက်သီးနှံမျိုးစုံစိုက်ပျိုးကြသည့် အကျိုးဆောင်တောင်သူများအနေဖြင့်  ဒေသတွင်းစားရေးရိက္ခာဖူလုံစေရန်နှင့် မိသားစုဝင်ငွေပိုမိုရရှိရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ယခုနှစ်အတွင်း မိုးစပါးစိုက်ဧက(၆၅၃၀၉)ဧကစိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိရာ မိုးသီးနှံစတင်စိုက်ပျိုးချိန်မှ ဇွန်လဒုတိယအပတ်အထိ မိုးစပါး(၂၀၇၂၃)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းသိရသည်။
Jun 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်‌ခရိုင်၊ ဒဂုံမြို့သစ်‌(မြောက်ပိုင်း)မြို့နယ်၊ အမှတ် (၃၅) ရပ်ကွက်နှင့် (၃၇) ရပ်ကွက်တို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူများအား ယမန်နေ့ နံနက်ပိုင်းက ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ( Pfizer XBB1.5 Gray Cap COVID 19) ထိုးနှံပေးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Jun 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ အခြေခံပညာမူလတန်း(အင်းလပ်အနောက်)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာဖွံဖြိုး တိုးတတ်စေရန်၊ ဗလငါးတန်ပြည်စုံလာစေရန်နှင့် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 17,2025
နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် နေပြည်တော် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ယနေ့မွန်းလွဲပိုင်းက ကျင်းပရာ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်မြို့နယ်အဆင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။