အမြို့မြို့အနယ်နယ်သတင်းများ

Jun 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေး ကော်မတီအဖွဲ့ဝင်များမှ အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥများအား သက်သာသောစျေးနှုန်းဖြင့်ရောင်းချပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က အနောက်ပိုင်းရပ်ကွက်၊ ရွှေမြင်တင်လမ်းတွင် ရောင်းချပေးခဲ့သည်။
Jun 18,2025
မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၏ (၂၀၂)ကြိမ်မြောက် စုပေါင်းဘုံဆွမ်းလာင်းလှူပွဲကို ဇွန်လ ၁၈ ရက် နေ့နံနက် ၅ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ ၈၉ လမ်း၊ ၈×၉ လမ်း ကြားရှိ ညောင်ကွဲရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့ရုံးရှေ့၌ ယနေ့နံနက် ၅ နာရီက လောင်းလှူကြသည်။
Jun 18,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့အတွင်းရှိ ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး (အပိုဆောင်း)တိုက်ကျွေးခြင်း ကို ဇွန်လ(၁၆) ရက်နေ့မှ စတင်တိုက်ကျွေးခဲ့ကြောင်း သိရသည်။
Jun 18,2025
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇွန်လ(၁၆)ရက်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်းနှင့် ဖြတ်တာတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
Jun 18,2025
ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့  (အကြို)  ယမန်နေ့နံနက် ၁၀ နာရီက ပုလောမြို့ အမှတ် (၁) အခြေခံပညာအထက်တန်း‌ကျောင်း၌ ‌ကျင်းပပြုလုပ်ခဲ့သည်။
Jun 18,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ ဒေသခံတောင်သူများ လူမှုစီးပွားဘဝဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ သီးနှံစိုက်စွမ်းအားနှင့်သီးနှံအထွက်နှုန်းတိုးတက်မြင့်မားရေးတို့အတွက် လျှပ်စစ်နှင့်ဆိုလာဓာတ်အားစနစ်သုံးစီမံကိန်းတို့မှ မိုးစပါး ဧကပေါင်း ၃၉၀၉ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းမြစ်)မှ သိရသည်။
Jun 18,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်သည်။
Jun 18,2025
မန္တလေးမြို့၊အောင်မြေသာစံခရိုင်၊အောင်မြေသာစံမြို့နယ်ရှိ ရတနာပုံရေကူးကန်ဝင်း၌ ဆောက်လုပ်ထားသည့် ယာယီအိမ်ရာအဆောက်အဦများ လှူဒါန်းလွှဲပြောင်းအပ်နှံခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါနေရာ၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ Mega Thirty Nine Development Co.,Ltd မှ တာဝန်ရှိသူများ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မှအရာထမ်း၊ အမှုထမ်းများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။