ဒဂုံမြို့သစ်‌(မြောက်ပိုင်း)မြို့နယ်၌ ပြည်သူများအား ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေး ( Pfizer XBB1.5 Gray Cap COVID 19 ) ထိုးနှံပေး

ဒဂုံမြောက် ဇွန် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်‌ခရိုင်၊ ဒဂုံမြို့သစ်‌(မြောက်ပိုင်း)မြို့နယ်၊ အမှတ် (၃) ရပ်ကွက်နှင့် (၃) ရပ်ကွက်တို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူများအား ယမန်နေ့ နံနက်ပိုင်းက ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ( Pfizer XBB1.5 Gray Cap COVID 19) ထိုးနှံပေးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက (Pfizer JN.1) အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးမထိုးနှံရသေးသည့်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ထပ်ဆောင်းထိုးနှံကြမည့် ပြည်သူများအား ကာကွယ်ဆေးထိုးနှံရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့သည့်အပြင် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အမှတ် (၃) ရပ်ကွက်နှင့် (၃) ရပ်ကွက်တို့တွင် စုစုပေါင်း ၃၅၅ ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံ‌ပေးရာသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူများက လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြင့်မြင့်ရီ