Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုင်းပျဉ်းမြို့ အ.ထ.က−ခွဲကျောင်း၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်
Jun 18,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယမန်နေ့မွန်းလွဲ (၂) နာရီက မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့ IPS-2 ကိုယ်ပိုင်အထက်တန်းကျောင်း၌ ငလျင်ဘေးနှင့်သဘာဝဘေးဖြစ်ပွားလာပါက အရေးပေါ်တုံ့ပြန်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာ…
Jun 18,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှငလျင်ဘေးနှင့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက အောင်မင်္ဂလာရပ်ကွက်ရှိ IPS-2 (International Private School -2) ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ လျာထားဦးရေ ပြည့်မီစွာ တက်ရောက်နိုင်ရေးဆွေးနွေး
Jun 18,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထက(ရွှေတောင်) ရတနာခန်းမတွင် ယမန့်နေ့ နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ လျာထားဦးရေ ပြည့်မီစွာ တက်ရောက်နိုင်ရေး စည်းရုံးဆွေးနွေးပွဲ အခမ်းအနား ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံတက္ကသိုလ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်း အသိပညာပေးရှင်းလင်းပွဲနှင့် မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း ဆောင်ရွက်
Jun 18,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသိပညာပေးရှင်းလင်းပွဲနှင့်မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားကို ကျိုင်းတုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲက ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရယ်မြို့ လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပန်း…
Jun 18,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့်ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူမြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီအဖွဲ့ဝင်များမှ အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့်ရောင်းချ
Jun 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီအဖွဲ့ဝင်များမှ အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥများအား သက်သာသောစျေးနှုန်းဖြင့်ရောင်းချပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်၊ ဦးအောင်ဇေယျဓမ္မာရုံ၌ ရောင်းချပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရယ်၌ အသက် ၅ နှစ်အောက် ကလေးငယ်များအား ပိုလီယိုရောဂါ ကာကွယ်ဆေးတိုက်ကျွေးနေမှု တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
Jun 18,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ အသက်(၅)နှစ် အောက်ကလေးငယ်များအား ပိုလီယိုရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်းကို ယမန်နေ့နံနက် ၈ နာရီမှစ၍ မြို့နယ်ပြည်သူ့ဆေးရုံ၊ သံဃာဆောင်၌ဆောင်ရွက်ရာ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာန ရှမ်း(မြောက်)ပြည်နယ်မှူး ဒေါက်တာထွန်းညွန့်ဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းပူးပေါင်းဆောင်ရွက်
Jun 18,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းနှင့် ရေအိုး၊ ရေစည်၊ ရေကန်များအား အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များက ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ရဲစခန်းဝင်းအတွင်း ပူးပေါင်းဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1326
Page
1327
Page
1328
Page
1329
Current page
1330
Page
1331
Page
1332
Page
1333
Page
1334
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department