အမြို့မြို့အနယ်နယ်သတင်းများ

Feb 24,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူလျက်ရှိသော ဝက်များကို ရောဂါဖြင့် သေကြေ ပျက်စီးမှုမရှိစေရန် ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၁၁ နာရီက နမ်ခမ်ကျေးရွာ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။
Feb 24,2023
ပဲခူးတိုင်းတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ငှက်ပျော်ထုံးကျေးရွာအုပ်စု၊ ငှက်‌ပျော်ထုံးကျေးရွာတွင် တောင်သူ ဒေါ်ဝါဝါ၏ခြံဝန်းအတွင်း၌ မေမြို့ပန်းတစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုဝင်‌ငွေရရှိပြီးအဆင်ပြေကြောင်း သိရသည်။
Feb 24,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ရုံးမှ မြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် အဘိုးအဘွားများအား ယနေ့နံနက် ၉ နာရီအချိန်က အိမ်တိုင်ရာရောက် လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
Feb 24,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စတုတ္တတန်း(Grade-5)နှင့် အဋ္ဌမတန်း(Grade-9)နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှစ၍ နံနက် ၉ နာရီအချိန်၌ အခြေခံ‌ပညာရေးကျောင်းများတွင် ကျင်းပပြုလျက်ရှိရာ ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Feb 24,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကိုရီးယားသမ္မတနိုင်ငံ Climate Change Centre (CCC) အစီအစဉ်ဖြင့် ပူးပေါင်းဆောင်ရွက်သော တောင်အာရှနှင့် အရှေ့တောင်အာရှဖွံ့ဖြိုးဆဲနိုင်ငံများ (မြန်မာနိုင်ငံ)တွင် စွမ်းအားမြှင့် CCC မီးဖိုများ ဖြန့်ဝေရေး စီမံကိန်းအနေဖြင့်  
Feb 24,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊  နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားများ
Feb 24,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌၂၀၂၃-ခုနှစ်၊ မတ်လ(၈)ရက်နေ့မှ စတင်ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို အ.ထ.က(အောင်ဆန်း)စာစစ်ဌာနတွင် ယမန်နေ့ နံနက် (၁၀)မှ   စတင်၍   လာရောက်ထုတ်ယူလျက်ရှိကြောင်း တာဝန်ရှိသူထံမှ သိရသည်။
Feb 24,2023
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် သမဝါယမကောလိပ် (မန္တလေး)တို့ ပူးပေါင်း၍ မျိုးဆက်သစ်လူငယ် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိပြီး  ဘက်စုံထူးချွန်ထက်မြတ်သူများ ပေါ်ထွန်းစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက အဆိုပါကောလိပ်ရှိ ရန်ကင်းခန်းမဆောင်၌ ကျင်းပခဲ့သည်။