အမြို့မြို့အနယ်နယ်သတင်းများ

Feb 24,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဦးတည်အုပ်စုများအလိုက် ဦးစားပေး အစီအစဉ်အတိုင်း ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Feb 24,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ၌ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးသည့် ကြက်သွန်ဖြူ စတင်ရိတ်သိမ်းချိန်တွင် ဈေးကောင်းရရှိလျက်ရှိကြောင်း စိုက်ပျိုးရေးတောင်သူ တစ်ဦးထံမှ သိရသည်။
Feb 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ မတ်လတွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် စာစစ်ဌာန(၁)ခုမှ  ကျောင်းသား၊ ကျောင်းသူစုစုပေါင်(၃၄၇)ဦးတို့က တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ၌  ဝင်ရောက်ဖြေဆိုရန်အတွက်  လျှောက်လွှာများတင်သွင်းထားရှိကြောင်း သိရသည် ။
Feb 24,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ရှိ အခြေခံပညာကျောင်းများ၌ မူလတန်းအဆင့် (Grade- 5)အတန်းနှင့် အလယ်တန်းအဆင့် (Grade- 9) အတန်းများ၏ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီလ (၂၂)ရက်နေ့ နံနက် (၉:၀၀)နာရီ မှစတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Feb 24,2023
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို  လစဉ်ထုတ်ပေးလျက်ရှိရာ ယနေ့ နံနက် ၇နာရီအချိန်မှ စတင်၍ ပင်စင်လစာများ လာရောက်ထုတ်ယူသူများပြားလျက်ရှိကြောင်း သိရသည်။
Feb 24,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် နွေရာသီကျောင်း ပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများအချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် အသိပညာဗဟုသုတကြွယ်ဝစေရန် ရည်ရွယ်၍ ယဉ်ကျေးလိမ္မာသင်တန်း၊ ကြက်ခြေနီသင်တန်း နှင့် ဘင်ခရာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
Feb 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့က ကွမ်းခြံကုန်းမြို့နယ် ပီလခတ်ကျေးရွာအုပ်စုတော် ကေးကျေးရွာအောင်သုခ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။