နတ်မောက် ဖေဖော်ဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌၂၀၂၃-ခုနှစ်၊ မတ်လ(၈)ရက်နေ့မှ စတင်ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို အ.ထ.က(အောင်ဆန်း)စာစစ်ဌာနတွင် ယမန်နေ့ နံနက် (၁၀)မှ စတင်၍ လာရောက်ထုတ်ယူလျက်ရှိကြောင်း တာဝန်ရှိသူထံမှ သိရသည်။
အဆိုပါစာမေးပွဲသို့ ဘာသာအတွဲ(၁)ဖြင့် ပညာသင်နေသူ(၂၇၆)ဦး၊ အတွဲ(၂)ဖြင့် (၁၅၁)ဦး၊ အတွဲ(၇)ဖြင့် (၁၈၈)ဦး စုစုပေါင်း ကျောင်းသား/သူ (၆၁၅)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း နှင့် စာမေးပွဲကို ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
လှဝင်း