မိုးနဲမြို့နယ်၌ Grade-5 နှင့် Grade-9 ကျောင်းသား/သူများ နှစ်ဆုံးစာမေးပွဲ ဖြေဆို

မိုးနဲ ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စတုတ္တတန်း(Grade-5)နှင့် အဋ္ဌမတန်း(Grade-9)နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှစ၍ နံနက် ၉ နာရီချိန်၌ အခြေခံ‌ပညာရေးကျောင်းများတွင် ကျင်းပပြုလျက်ရှိရာ ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မိုးနဲမြို့နယ်တွင် ခရိုင်စစ် (Grade-5) ကျောင်းသား/သူများအတွက် စာစစ်ဌာန(၂၃)ခု ဖွင့်လှစ်၍ ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်နေ့ထိ နံနက် ၉ နာရီမှ ၁၀ နာရီခွဲချိန်ထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမူရေးဘာသာရပ်များကို ဖြေဆိုရမည်ဖြစ်ကြောင်း၊ တိုင်းစစ်(Grade-9) ကျောင်းသား/သူများအတွက် စာစစ်ဌာန()ခုဖွင့်လှစ်၍ ဖေဖော်ဝါရီ လ ၂၂ ရက်မှ မတ်လ ၁ ရက်နေ့ထိ နံနက် ၉ နာရီမှ ၁၁ နာရီချိန်ထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ အထွေထွေသိပ္ပံဘာသာရပ်များကို ဖြေဆိုရမည်ဖြစ်ကြောင်း ယနေ့တွင်(Grade-5) ကျောင်းသား/သူ ()ဦးနှင့် (Grade-9)ကျောင်းသား/သူ (၂၂၄)ဦး ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ နှစ်ဆုံးစာမေးပွဲကို ကျောင်းသား/သူများ ဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျောင်းများမှ တာဝန်ကျဆရာ၊ ဆရာမများက ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)