မိုးညို ဖေဖော်ဝါရီ ၂၄
ပဲခူးတိုင်းတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ငှက်ပျော်ထုံးကျေးရွာအုပ်စု၊ ငှက်ပျော်ထုံးကျေးရွာတွင် တောင်သူ ဒေါ်ဝါဝါ၏ခြံဝန်းအတွင်း၌ မေမြို့ပန်းတစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိပြီးအဆင်ပြေကြောင်း သိရသည်။
မေမြို့ပန်းစိုက်ပျိုးရန်အတွက် ဟင်္သာတမြို့ကနေ ပျိုးပင်များကို တစ်ပင်လျှင် ၁၅ ကျပ်နူန်းဖြင့် ဝယ်ယူစိုက်ပျိုးပါတယ်၊ မြောင်းဘောင်ပြုလုပ်ပြီးအပင်နှင့် အပွင့်ကြီးထွားမှုကောင်းစေရန်အတွက် သဘာဝမြေဩဇာများကို မြေခံအဖြစ်အသုံးပြု၍ ၃ ပေအကျယ်ရှိတဲ့ မြောင်းဘောင်မှာ ၆ ပင်တန်းစိုက်ပါတယ်၊ ပျိုပင်များစိုက်ပျိုးပြီး ရေကိုနေ့စဉ်လောင်း၍ ပေါင်း/ မြက် များရှင်းပေးရပါတယ်၊ ယခုစိုက်ပျိုးထားတာကတော့ အလျား ၈၀ ပေ၊ အနံ ၅၀ ပေခန့်ရှိတဲ့ခြံမြေမှာအပင် (၃၀၀၀)ကျော်စိုက်ပျိုးထားပါတယ်၊ ပန်းအရောင်တွေကတော့ အဖြူ၊ အနီ၊ မိတ်ကပ်ရောင်၊ ကြက်သွေးရောင်တွေပွင့်ပါတယ်၊ ရောင်းချရာတွင်တော့ တစ်ပင်ကို ၂၀၀ ကျပ်၊ ဖောက်သည်ယူရင်တော့ ၁၅၀ ကျပ်ရောင်းချပါတယ်၊၂ ရက်ခြားတစ်ခါနုတ်လျှင် အပင် ၂၀၀ မှ ၂၅၀ ခန့်ရပြီး ရောင်းရငွေကျပ် ၃၀၀၀၀ ကျော်ရရှိတဲ့အတွက် မိသားစုအဆင်ပြေကြောင်း၊ ထပ်မံတိုးချဲ့စိုက်ပျိုးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ပန်းစိုက်ပျိုးသူထံမှ သိရသည်။
ကိုမင်း (ပြန်/ ဆက်)