Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဟုမ္မလင်းမြို့၌ အခြေခံငါးမွေးမြူရေးနှင့်အသားတိုးငါးမွေးမြူရေး သင်တန်းဖွင့်
Feb 24,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ ငါးလုပ်ငန်းဦးစီးဌာနမှ အခြေခံ ငါးမွေးမြူရေးနှင့် အသားတိုးငါးမွေးမြူရေးသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်က ဟုမ္မလင်း၊ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်၌ လေဘေးသင့် နေအိမ်ပြို (၃) လုံး၊ အမိုးလန် (၆) လုံးတို့ရှိ မိသားစုအား ကယ်ဆယ်ရေးပစ္စည်းနှင့်ထောက်ပံ့ငွေများ ပေးအပ်
Feb 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စစ်ပင်ကြီးကျေးရွာအုပ်စု၊စစ်ပင်ကြီး ကျေးရွာ၊ ကြိမ်ငူကျေးရွာ၊ သရက်ကုန်းကျေးရွာအုပ်စု၊ (လေပွေကုန်း၊ ရေလဲကြီး) ကျေးရွာ၊ တောင်ကလေးကျေးရွာအုပ်စု၊ မြောက်ပန်းကုန်းကျေးရွာနှင့် ကမ္ဘဲ့ညောင်ကုန်းကျေးရွာအုပ်စု၊ ကမ္ဘဲ့ညောင်ကုန်းကျေးရွာတို့၌ ဖေဖော်ဝါရီလ ၁၇ ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၃)လုံး၊အမိုးလန် နေအိမ်(၆)လုံးတို့ကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးရှေ့၌ လက်ဝယ်သို့ ပေးအပ်ထောက်ပံ့ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုည ရှင်စေတီတော်ကြီး ပုညရှင်သာသနာ့ဗိမာန် တည်ဆောက်နိုင်ရေးအတွက် တတိယအကြိ…
Feb 24,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်ကြီး၌ ပုညရှင်သာသနာ့ဗိမာန် တည်ဆောက်နိုင်ရေးအတွက် တတိယအကြိမ် အလှူတော်ငွေ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီး အရှေ့ဘက်အာရုံခံ တန်ဆောင်း လက်ပွားဘုရားဓမ္မာရုံအတွင်း ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေပြည်သာမြို့နယ်၌ Physical Fitness Danceသင်တန်းနှင့်အားကစားပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားကျင်းပ
Feb 23,2023
ကျောင်းသား/သူများအား ကျောင်းအားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ ကျန်းမာကြံ့ခိုင်ပြီး ပညာရေးမြင့်မားသောနိုင်ငံ့သားကောင်းရတနာများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီတို့ပူးပေါင်းဖွင့်လှစ်သည် Physical Fitness Dance သင်တန်းကိုယနေ့နံနက် (၉)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနCommunity Center ခန်းမ၌ဖွင့်လှစ်သည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဦးခရိုင် လူငယ်အခန်းကဏ္ဍာမြင့်တင်ရေး သင်တန်းဖွင့်လှစ်ပို့ချ
Feb 23,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်အတွင်းတွင် ရခိုင်ပြည်နယ်အကြံပေးကော်မ ရှင်၏ အကြံပြုချက်များအပေါ် အကော်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်အရ "ဒေသအဆင့် ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်ရည်ရှိစေရေး စွမ်းဆောင်ရည်တည်ဆောက် ခြင်းဆိုင်ရာသင်တန်း" ခေါင်းစဉ်ဖြင့် “လူငယ်အခန်းကဏ္ဍမြှင့်တင်ရေးသင်တန်း”အား ယနေ့ နံနက် ၁၀ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးဟောင်း) အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပို့ချသည်။
အပြည့်အစုံ ဖတ်ရန်
ကမာရွတ်မြို့နယ်ရှိ အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးဌာနသို့ သွားရောက်လေ့လာကြည့်ရှု
Feb 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့ နေလယ်ပိုင်းက ကမာရွတ်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဌာနသို့ တိုင်းဒေသကြီးအမျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ သွားရောက်၍ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန အရောင်းဆိုင်ရှိ သင်တန်းသူများ၏ လက်မှုပစ္စည်းများအား ဝယ်ယူအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လေးမျက်နှာမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်
Feb 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အမှတ်(၁)ရပ်ကွက် ဓမ္မဗိမ္မာန် (၂)ထပ်ဓမ္မာရုံတွင် ယနေ့နေ့လည်ပိုင်း၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စုကလိမြို့တွင် ကလေးအလုပ်သမားအကြောင်း သိကောင်းစရာများ နံရံကပ်ပြဘုတ် ပြသဆောင်ရွက်
Feb 23,2023
ကရင်ပြည်နယ် မြဝတီခရိုင်၊စုကလိမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး၊ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများ၊ ကလေးအလုပ်သမားများ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်များအား စုကလိမြို့နေ ပြည်သူလူထုများ သိရှိနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ယနေ့နံနက်ပိုင်းအချိန်တွင် ပြည်သူ့စာကြည့်တိုက် နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထားသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13310
Page
13311
Page
13312
Page
13313
Current page
13314
Page
13315
Page
13316
Page
13317
Page
13318
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department