အမြို့မြို့အနယ်နယ်သတင်းများ

Feb 23,2023
ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့ ​နေလယ်ပိုင်းက ကမာရွတ်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဌာနသို့ တိုင်း‌ဒေသကြီးအမျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ သွားရောက်၍ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန အရောင်းဆိုင်ရှိ သင်တန်းသူများ၏ လက်မှုပစ္စည်းများအား ဝယ်ယူအားပေးခဲ့ကြသည်။
Feb 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အမှတ်(၁)ရပ်ကွက် ဓမ္မဗိမ္မာန် (၂)ထပ်ဓမ္မာရုံတွင် ယနေ့နေ့လည်ပိုင်း၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။
Feb 23,2023
ကရင်ပြည်နယ် မြဝတီခရိုင်၊စုကလိမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး၊ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများ၊ ကလေးအလုပ်သမားများ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်များအား စုကလိမြို့နေ ပြည်သူလူထုများ သိရှိနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ယနေ့နံနက်ပိုင်းအချိန်တွင် ပြည်သူ့စာကြည့်တိုက် နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထားသည်။
Feb 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၉း၃၀ နာရီက စာအုပ်စာစောင်ချစ်မြတ်နိုးသူများစု‌ပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 23,2023
စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများနှင့် ကောက်ရိုးမှို၊ ငွေနှင်းမှို စိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းအဖွဲ့တို့ တွေ့ဆုံ၍ မွေးမြူရေးမှိုများ စနစ်တကျ စိုက်ပျိုးထုတ်လုပ်၍  မှိုနှင့်သက်ဆိုင်သော တန်ဘိုးမြှင့်ကုန်ချောများ ထုတ်လုပ်၍ MSME လုပ်ငန်းများအတွက် အထောက်အကူပြု ကုန်ကြမ်းထုတ်လုပ်နိုင်ရေးအား အထူးအလေးထားကာ  အာဟာရပြည့်ဝ၍ ဓါတုဓါတ်ကြွင်းကင်းစင်သော ကောက်ရိုးမှို၊ ငွေနှင်းမှို စိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းအဖွဲ့ (Task Force) ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ် (၁)နာရီခွဲက စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 23,2023
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ မပေါက်ကွဲသေးသောစစ်လက်နက်ကျန်ပစ္စည်းနှင့် မိုင်းအန္တရာယ်အသိပညာပေးဟောပြောခြင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က သီရိ‌သောမာရုံဘုန်း‌တော်ကြီးကျောင်းအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
Feb 23,2023
အသေးစားစက်မှုလက်မှုလုပ်ငန်းအကြောင်းသိကောင်းစရာ အသိပညာပေး Talk Showကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်းကာ ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင်  ပြုလုပ်ခဲ့သည်။