အမြို့မြို့အနယ်နယ်သတင်းများ

Feb 24,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင်  ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို အထက(ပေါင်)ကျောင်း ရွှေရတုခန်းမ၌ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ စတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Feb 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)တွင် စာပေဝါသနာပါသူများဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းအချိန်က စာရေးဆရာမ ဒေါက်တာမတင်ဝင်းရေးသားသည့် “ရေကြည်ချမ်းမြ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့  မွန်းလွဲ ၁ နာရီက အလုံမြို့နယ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ  စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 24,2023
ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက် ကျိုက်ဝိုင်းဘုရားလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၌ ယမန်​နေ့နံနက်ပိုင်းက သဘာဝဘေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွါး)သင်တန်း ဒုတိယ​နေ့အဖြစ် ဆက်လက်သင်ကြား​ပေးလျက်ရှိ​ကြောင်း သိရသည်။
Feb 24,2023
ရန်ကုန်တိုင်း​ဒေသကြီး၊​ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်း၊ မဟာဝိဇယစေတီတော် အနောက်ဘက်မုခ်ရှိငါးကန်အား ရေစုပ်ထုတ်၍ ကန်ရေသစ်လဲလှယ်ခြင်းလုပ်ငန်းအား စေတီတော်ဂေါပကအဖွဲ့၊ ငါးလုပ်ငန်းဦးစီးဌာနအဖွဲ့နှင့် စည်ပင်သာယာ​ရေးအဖွဲ့များပူး​ပေါင်း၍ ယ​နေ့​မွန်းတည့် ၁၂နာရီ က စတင်ပြီး ည​နေ ၄နာရီခွဲအချိန်အထိ ​ဆောင်ရွက်ခဲ့ကြ​သည်။
Feb 24,2023
စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေတိုးတက်စေရန်အတွက် လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီက အဆိုပါရုံးတွင်ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ၀ါးခယ်မမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ပင်စင်လစာများကို လစဉ် ၂၁ ရက်နေ့မှစ၍ ရုံးချိန်အတွင်း မြန်မာ့စီးပွားရေးဘဏ်ခွဲရှိဝန်ထမ်းများက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။