စဉ့်ကူး ဖေဖော်ဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် နွေရာသီကျောင်း ပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများအချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် အသိပညာဗဟုသုတကြွယ်ဝစေရန် ရည်ရွယ်၍ ယဉ်ကျေးလိမ္မာသင်တန်း၊ ကြက်ခြေနီသင်တန်း နှင့် ဘင်ခရာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ယဉ်ကျေးလိမ္မာသင်တန်းတွင် ကျောင်းသား ၁၅ ဦးနှင့် ကျောင်းသူ ၂၅ ဦး၊ စုစုပေါင်း ၄၀ ဦးတို့ အား ဆရာ ဆရာမ ၉ ဦးတို့ကလည်းကောင်း၊ ကြက်ခြေနီသင်တန်းတွင် ကျောင်းသား ၁၆ ဦးနှင့် ကျောင်းသူ ၂၀ ဦး၊ စုစုပေါင်း ၃၆ ဦးတို့အား ဆရာ ဆရာမ ၈ ဦးတို့ကလည်းကောင်း၊ ဘင်ခ ရာသင်တန်းတွင် ကျောင်းသား ၁၅ ဦးနှင့် ကျောင်းသူ ၁၅ ဦး၊ စုစုပေါင်း ၃၀ ဦးတို့အား ဆရာကြီး (၁)ဦးက လည်းကောင်း သင်ကြားပို့ချပေးလျက်ရှိပြီး အဆိုပါသင်တန်းများကို ဖေဖော်ဝါရီ ၂၀ ရက်မှ မတ်လ ၃ ရက်နေ့အထိ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း စဉ့်ကူးမြို့အခြေခံပညာ အထက်တန်းကျောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)