တကောင်းမြို့ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (Grade- 5)( Grade- 9) အတန်းများ နှစ်ဆုံးစာမေးပွဲ ဖြေဆို

တကောင်း ဖေဖော်ဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ရှိ အခြေခံပညာကျောင်းများ၌ မူလတန်းအဆင့် (Grade- 5)အတန်းနှင့် အလယ်တန်းအဆင့် (Grade- 9) အတန်းများ၏ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီလ (၂၂)ရက်နေ့ နံနက် (၉:၀၀)နာရီ မှစတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တကောင်းမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်းအဆင့် (Grade- 5) ဖြေဆိုသူ (၃၇)ဦး၊ အလယ်တန်းအဆင့် (Grade- 9) ဖြေဆိုသူ (၄၈) ဦး၊ အခြေခံပညာ အလယ်တန်းကျောင်း(မြို့မ)တွင် မူလတန်းအဆင့် (Grade- 5)ဖြေဆိုသူ (၅)ဦးရှိပြီး ကျောင်းသား၊ ကျောင်းသူများမှာ သက်ဆိုင်ရာ ကျောင်းများအလိုက် ဖြေဆိုလျက်ရှိသည်။

အလယ်တန်းအဆင့် (Grade- 9)စာမေးပွဲသည် တိုင်းစစ်စာမေးပွဲဖြစ်ပြီး ဖေဖော်ဝါရီလ (၂၂)ရက်နေ့မှ မတ်လ (၁)ရက်နေ့အထိ ဖြေဆိုမည်ဖြစ်ကာ မူလတန်းအဆင့် (Grade- 5) စာမေးပွဲသည် ခရိုင်စစ်စာမေးပွဲဖြစ်၍ ဖေဖော်ဝါရီလ (၂၂)ရက်နေမှ (၂၈)ရက်နေ့အထိ ဖြေဆိုမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။

သီရိ (ပြန်/ဆက်)