ကော့ကရိတ် ဖေဖေါ်ဝါရီ ၂၄
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို လစဉ်ထုတ်ပေးလျက်ရှိရာ ယနေ့ နံနက် ၇နာရီအချိန်မှ စတင်၍ ပင်စင်လစာများ လာရောက်ထုတ်ယူသူများပြားလျက်ရှိကြောင်း သိရသည်။
ကော့ကရိတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင် လစာများကို E ပင်စင်ကဒ်ဖြင့် ရုံးဖွင့်ရက်တွင် နေ့စဉ်ထုတ်ပေးပြီး ယခုလပင်စင်လစာများကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှစ၍ လကုန်ရက်နေ့အထိ နိုင်ငံတော်အစိုးရက သတ်မှတ်ထားသော ရုံးပိတ်ရက်မှအပ ရုံးဖွင့်ရက်များတွင် ထုတ်ပေးသွားမည်ဖြစ်ရာ ယနေ့တွင် လာရောက် ထုတ်ယူသူ (၁၃၆)ဦးရှိကြောင်းနှင့် ကော့ကရိတ်မြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်း ပင်စင်လစာ ထုတ်ယူမည့်သူ စုစုပေါင်း (၂၁၄၀)ဦးရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ခင်မျိုးဝင်း(ပြန်/ဆက်)