အမြို့မြို့အနယ်နယ်သတင်းများ

Jun 18,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ၏ တတိယမြောက်နေ့ သင်္ချာဘာသာရပ်ကို  ကျောင်းသား၊ ကျောင်းသူ ( ၉၇.၉၁ ) ရာခိုင်နှုန်း ဆက်လက်‌ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Jun 18,2025
လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယ‌နေ့နံနက် ၁၀ နာရီအချိန်က ညောင်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။
Jun 18,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ဓနုံးကျေးရွာအုပ်စု စိမ်းလန်းစိုပြည်ရေး ၊ အပူဒဏ်မှ ကာကွယ်နိုင်ရေးနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချနိုင်ရေးတို့အတွက် ဇွန်လ ၁၇ ရက်နေ့နံနက် ၉ နာရီအချိန်က ကျွန်းပင်များကိုကျေးရွာဘောလုံးကွင်းခြံစည်းရိုး၌စိုက်ပျိုးခဲ့သည်။
Jun 18,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက်(၁၀)နာရီက အ.မ.က(မူလွန်)ခရမ်းညောင်ပင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူများ နေအိမ်နှင့်လုပ်ငန်းများက ထွက်ရှိသည့် အမှိုက်များအား အမျိုးအစားခွဲခြားစွန့်ပစ်နိုင်ရေးအတွက် အမှိုက်ပုံးအရောင်များ ခွဲခြားသတ်မှတ်ခြင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 18,2025
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၈)နာရီခွဲက လက်ပံတောကျေးရွာအခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
Jun 18,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မိုးကြိုကာလ (ဧပြီ၊ မေ) နှင့် မိုးနှောင်းကာလ (အောက်တိုဘာ၊ နိုဝင်ဘာ) လတို့တွင် အဖြစ်များလေ့ရှိသည့် မိုးကြိုးဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် မိုးကြိုးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပညာပေးသရုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က အ.ထ.က (ပန်းတောင်း) ကျောင်းတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့သည်။