ကျိုင်းတုံတက္ကသိုလ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်း အသိပညာပေးရှင်းလင်းပွဲနှင့် မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ကျိုင်းတုံ ဇွန် ၁၈                                                                         

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်၌   မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသိပညာပေးရှင်းလင်းပွဲနှင့်မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားကို ကျိုင်းတုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲက  ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် မဲပေးရာတွင် ဆောင်ရွက်ရမည့်အချက်များကို Power Point များဖြင့် အသေးစိတ်ရှင်းလင်းပြသခဲ့ပြီး ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာနှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများ ကျောင်းသား/သူများနှင့်စီမံဌာနဝန်ထမ်းများ စုစုပေါင်း ၅၀၀ ဦးတို့က ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝန်ထမ်းများနှင့်အတူ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)