ရွှေတောင်မြို့နယ်တွင် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ လျာထားဦးရေ ပြည့်မီစွာ တက်ရောက်နိုင်ရေးဆွေးနွေး

ရွှေတောင် ဇွန် ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထက(ရွှေတောင်) ရတနာခန်းမတွင် ယမန့်နေ့ နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ လျာထားဦးရေ ပြည့်မီစွာ တက်ရောက်နိုင်ရေး စည်းရုံးဆွေးနွေးပွဲ အခမ်းအနား ကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာ မောင်မောင်စိုးနှင့် ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်စိုက်ပျိုးရေး မွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းအောင်တို့က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူ လျာထားဦးရေ ပြည့်မီစွာ တက်ရောက်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ မိဘများမှ ဝိုင်းဝန်းဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့်မိဘများ သိရှိလိုသည်များကို ပြန်လည်မေးမြန်းရာ သက်ဆိုင်ရာ တာဝန်ရှိသူများကဖြေကြားပေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာမောင်မောင်စိုးနှင့် ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်စိုက်ပျိုးရေး မွေးမြူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနဦးစီးမှူး၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း အင်အား ( ၃၈၀) ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)