မိုင်းရယ် ဇွန် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့်ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ပြုလုပ်သည်။
ထိုသို့ပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာလာက မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် သိကောင်းစရာများကို ဟောပြောသည်။
ထို့နောက် အ.ထ.က၊ အ.လ.က၊ မူလွန်(၁)နှင့် မူလွန်(တပ်တွင်း)ကျောင်းများမှ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၄)ဦးက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကိုယှဉ်ပြိုင်ခဲ့ကြပြီး အသိပညာပေးနံရံကပ်စာစောင်ကို ကြည့်ရှုခဲ့ကြသည်။ အဆိုပါ ပန်းချီပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက အားပေးကြည့်ရှုခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)