အမရပူရ ဇွန် ၁၈
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ဓနုံးကျေးရွာအုပ်စု စိမ်းလန်းစိုပြည်ရေး ၊ အပူဒဏ်မှ ကာကွယ်နိုင်ရေးနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချနိုင်ရေးတို့အတွက် ဇွန်လ ၁၇ ရက်နေ့နံနက် ၉ နာရီအချိန်က ကျွန်းပင်များကို ကျေးရွာဘောလုံးကွင်းခြံစည်းရိုး၌ စိုက်ပျိုးခဲ့သည်။
အဆိုပါ ကျွန်းပင်များကို အမရပူရမြို့နယ်၊ သစ်တောဦးစီးဌာန၊ စွယ်တော်ပျိုးဥယျာဉ် သစ်တောအုပ်ဦးထွန်းထွန်းနိုင်က ကျွန်းပင်(၁၀၀)ပင်အား ဓနုံးကျေးရွာတွင်စိုက်ပျိုးနိုင်ရေးပေးအပ်ခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူးက လက်ခံရယူခဲ့ပြီး ဓနုံးကျေးရွာအုပ်စု ဘောလုံး အားကစားကွင်း၏ အရှေ့ဘက်ခြမ်းခြံစည်းရိုးတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)