ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေး ဦးဆောင်သောရှမ်းပြည်နယ်အစိုးရအဖွဲ့က မင်းကွန်းတိပိဋက နိကာယကျောင်းတိုက်ခွဲရှိ ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငံမြို့နယ်ဌာနဆိုင်ရာများ၊ရပ်မိရပ်ဖများဒေသခံပြည်သူများနှင့်တွေဆုံ

ရွာငံ  မတ် ၃    

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့တွင် တည်ထားလျက်ရှိသော ဝေဠုဝန်ဗုဒ္ဓဥယျာဉ်တော်၊ အနန္တဇိနသမ္ဗုဒ္ဓေစေတီတော်ကုန်းမြေတွင် ဖေဖေါ်ဝါရီ(၂၈) ရက်နံနက်(၁၀)နာရီက အဆိုပါဥယျာဉ်တော်၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ဝေဠုဝန်ဗုဒ္ဓဥယျာဉ်တော်၊ အနန္တဇိနသမ္ဗုဒ္ဓေစေတီတော် ကုန်းမြေ၊ မင်းကွန်းတိပိဋကနိကာယကျောင်းတိုက်ခွဲ ရွှေပေါ်ကျွန်းဆရာတော်ဥူးသာသန(မြို့နယ်သံဃာနာယကဥက္ကဋ္ဌ)အား ဖူးမျှော်ကန်တော့၍ လှူဖွယ်ဝတ္ထု ပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြသည်

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး နှင့် တာဝန်ရှိသူများသည် ဝေဠုဝန်ဗုဒ္ဓဥယျာဉ်တော်အတွင်း လှည့်လည်ကြည့်ရှူ ဖူးမြှော်ကြည်ညိုကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် တိပိဋက အောင်စေတီဓမ္မဗိဗ္မာန်တော်၌ မင်းကွန်းတိပိဋကနိကာယကျောင်းတိုက်ခွဲ ရွှေပေါ်ကျွန်း ဆရာတော် ဥူးသာသန(မြို့နယ်သံဃာနာယကဥက္ကဋ္ဌ) ဆရာတော်ထံ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊သံဃာတော်မြတ်များက မေတ္တာသုတ် ပရိတ်တရားတော် ချီးမြှင့်ပေးကြပြီး လှူဒါန်းမှူအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြကြောင်း သိရသည်။

၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ဖေဖေါ်ဝါရီ(၂၈)ရက် နေ့လည်(၁၂)နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့ ပြည်သူ့ ဆေးရုံအား သွားရောက်ကာ ဆေးကုသမှုခံယူနေသော ဒေခံတိုင်းရင်းသားပြည်သူများကို ထောက်ပံ့ပစ္စည်းများပေးအပ်၍ အားပေးစကားပြောကြားပြီး ဆေးရုံရှိဓါတ်ခွဲခန်းနှင့် သွားနှင့်ခံတွင်းကျန်းမာရေးဌာနတို့ကို ကြည့်ရှုစစ်ဆေးခဲ့၍ ဆေးရုံရှိတာဝန်ထမ်းဆောင်နေသာ ဝန်ထမ်းများအား ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပေးအပ်ရာ ဆေးရုံတာဝန်ရှိသူတစ်ဦးမှ လက်ခံရယူကြောင်း သိရသည်။

ဆက်လက်၍ ရွာငံမြို့ (အ.ထ.က)ကျောင်း၊ ပြဒါးလင်းခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်နှင့် မြို့နယ်အဆင့် ဌာနဆိုင်များ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး (မြို့နယ်အုပ်ချပ်ရေးမှူး)မှ ဒေသဆိုင်ရာ အချက်အလက်များ တင်ပြရှင်းလင်းပြီး တက်ရောက်လာသည့် ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများမှ ဒေသလိုအပ်ချက်များတင်ပြရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဒေသခံပြည်သူများ၏ လိုအပ်ချက်တင်ပြမှုကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပေးအပ်ရာ ရွာငံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးမှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် ရွာငံမြို့နယ်တွင် MSMEs လုပ်ငန်းအသေးစား၊ အလတ်စား၊ အငယ်စား၊ တစ်ပိုင်တစ်နိုင် ထုတ်လုပ်ဆောင်ရွက်လျက်ရှိသော ရွှေင်္သိဂီသဘာဝကော်ဖီ ထုတ်လုပ်နေမှုကို ကြည့်ရှု့ခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)