မိုင်းယောင်း မတ် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပသည်။
(၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ပန်းချီရုပ်ပုံများ ဆေးရောင်ခြယ်ခြင်းကို မြို့နယ်အတွင်းရှိ လူငယ်များက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အကောင်းဆုံးဆေးရောင်ခြယ်နိုင်သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်နှင့် တာဝန်ရှိသူများကဂုဏ်ပြုဆုများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း