ပြင်ဦးလွင် မတ် ၃
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက တောင်သူလယ်သမားနေ့ အထိမ်း အမှတ် Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show တွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်နှင့် အငယ်တန်းစာရေး ဒေါ်ဇာဇာဝင်းတိုက တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အကြောင်းအရာများဖြစ်သည့် တောင်သူလယ်သမားအရေးတော်ပုံအကြောင်း၊ တောင်သူလယ်သမားနေ့ ဖြစ်ပေါ်လာပုံနှင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက်များ၏ အခန်းကဏ္ဍများအား အများပြည်သူများသိရှိနားလည်စေရေး ဆွေးနွေးခဲ့ကြောင်းသိရသည်။
ပြင်ဦးလွင်ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ကျင်းပသော တောင်သူလယ် သမားနေ့ အထိမ်းအမှတ် Talk Show ဆွေးနွေးမှုများအား ပြင်ဦးလွင်ခရိုင်ပြည်သူ့စာကြည့်တိုက် Facbook Page နှင့် We Love Pyin Oo Lwin Facebook Page များတွင် အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး လွှင့်တင်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဖြူလူသစ် ခရိုင် (ပြန်/ဆက်)