Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျုံပျော်မြို့နယ်၌ အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာဖြင့်ရောင်းချ
Jun 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ပြည်သူများစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆန်နှင့်အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းကို ကျုံပျော်မြို့ မြို့မဈေးရှေ့တွင် ယမန်နေ့နံနက် ၇ နာရီက ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့တွင် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့်ရောင်းချ
Jun 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် အခြေခံစားသောက်ကုန်များအား ဇွန်လ (၂) ရက်နေ့မှစ၍ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် (၇း၀၀)နာရီအချိန်က အောင်ဆန်းလမ်းနှင့် (၇) လမ်းထောင့်တွင် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်၌ ပြန်လည်ကျင်းပစစ်ဆေးသည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (Grade-12) တက္ကသိုလ်ဝင် စာမေးပွဲစတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တွင် က…
Jun 19,2025
၂၀၂၄-၂၀၂၅ ပညာသင်နှစ် (Grade-12) တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပစစ်ဆေးခြင်းများကို ဇွန်လ ၁၆ ရက်နေ့မှ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီး၌ ကျင်းပဖြေဆိုခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် အ-ထ-က(စဉ့်ကိုင်)စာစစ်ဌာန၊ အထက(ပလိပ်)စာစစ်ဌာနနှင့် အ-ထ-က (ဘယ်လင်း) စာစစ်ဌာနတို့၌ ဇွန်လ ၁၉ ရက်နေ့ ယနေ့နံနက်ပိုင်းက စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းမြသာစည်မြို့နယ်တွင် ဓာတုဗေဒနှင့်ပထဝီဘာသာရပ်များကို ကျောင်းသား၊ ကျောင်းသူ ၂၁၀၀ ဦး စိတ်အေးချမ်းသာစွာ ဖြေဆို
Jun 19,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ချမ်းမြသာစည်မြို့နယ်တွင် ပြန်လည်ဖြေဆိုသည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ ၁၆ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဘာသာရပ်များကို ကျောင်းသား၊ကျောင်းသူများက စာစစ်ဌာန အသီးသီးတွင် စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိသည်။ ချမ်းမြသာစည်မြို့နယ်တွင် စာစစ်ဌာန( ၆)နေရာထားရှိကာ ယနေ့ ဓာတုဗေဒဘာသာရပ် ဖြေဆိုရာတွင် စာရင်းရှိကျောင်းသား /သူ (၂၀၉၁ ) ဦး၊ ပျက်ကွက် ကျောင်းသား/သူ ( ၃၆) ဦး၊ ဖြေဆို ကျောင်းသား/သူ (၂၀၅၅) ဦး ဖြေဆိုခဲ့ကြပြီး ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၈.၂၈ ရာခိုင်နှုန်းဖြစ်သည်။ ပထဝီ ဘာသာရပ်တွင် စာရင်းရှိကျောင်းသား /သူ (၄၅) ဦး၊ ဖြေဆိုကျောင်းသား/သူ (၄၅) ဦးဖြစ်ပြီး ရာခိုင်နှုန်းပြည့် ဖြေဆိုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့နယ်တွင် အခြေခံစက်ချုပ်(မွမ်းမံ)သင်တန်းဆင်းပွဲ ကျင်းပ
Jun 19,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် အခြေခံစက်ချုပ်(မွမ်းမံ)သင်တန်းဆင်းပွဲအခမ်းအနားအား ယနေ့ နံနက်ပိုင်းက ကျုံးစံပြကျေးရွာရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်လာရောက်ကြည့်ရှု
Jun 19,2025
မန္တလေးတိုင်းဒေသကြီး ၊ ချမ်းအေးသာစံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပဖြေဆိုလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က အမှတ်( ၁၄) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိကာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို အားပေးကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်နှင့်ဓာတုဗေဒဘာသာရပ် ဆက်လက်ဖြေဆို
Jun 19,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် စာစစ်ဌာနသုံးနေရာဖြင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ယနေ့နံနက် ၉ နာရီခွဲအချိန်မှစတင်၍ ပထဝီဝင်ဘာသာရပ်နှင့် ဓာတုဗေဒဘာသာရပ်အား ကျောင်းသား/သူများဆက်လက် ဖြေဆိုလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရမည့် Grade12 ကျောင်းသား၊ ကျောင်းသူများ ဓာတုဗေဒနှင့်ပထဝီဝင်ဘာသာရပ် ဆက်လက်ဖြေဆို…
Jun 19,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရမည့် Grade12 ကျောင်းသား၊ ကျောင်းသူများ ဓာတုဗေဒနှင့်ပထဝီဝင်ဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1306
Page
1307
Page
1308
Page
1309
Current page
1310
Page
1311
Page
1312
Page
1313
Page
1314
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department