စဉ့်ကိုင် ဇွန် ၁၉
၂၀၂၄-၂၀၂၅ ပညာသင်နှစ် (Grade-12) တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပစစ်ဆေးခြင်းများကို ဇွန်လ ၁၆ ရက်နေ့မှ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီး၌ ကျင်းပဖြေဆိုခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် အ-ထ-က(စဉ့်ကိုင်)စာစစ်ဌာန၊ အထက(ပလိပ်)စာစစ်ဌာနနှင့် အ-ထ-က (ဘယ်လင်း) စာစစ်ဌာနတို့၌ ဇွန်လ ၁၉ ရက်နေ့ ယနေ့နံနက်ပိုင်းက စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်အနေဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို အ-ထ-က(စဉ့်ကိုင်) စာစစ်ဌာန၊ အ-ထ-က(ပလိပ်)စာစစ်ဌာနနှင့် အ-ထ-က (ဘယ်လင်း)စာစစ်ဌာန (၃)ခုတို့၌ ဖွင့်လှစ်ခဲ့ရာ (စတုတ္ထနေ့) ဓာတုဗေဒဘာသာရပ်တွင် ဖြေဆိုရန်စာရင်းရှိ ကျောင်းသားဦးရေ (၅၁၃)ဦး၊ ကျောင်းသူ ဦးရေ (၆၂၄)ဦး၊ စုစုပေါင်းကျောင်းသား/ကျောင်းသူဦးရေ (၁၁၃၇)ဦးရှိပြီး၊ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသားဦးရေ(၅၁၁)ဦး၊ ကျောင်းသူဦးရေ(၆၂၁)ဦး၊ စုစုပေါင်း ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ ဦးရေ (၁၁၃၂)ဦး ဝင်ရောက်ဖြေဆိုကာ၊ ပျက်ကွက်ကျောင်းသားဦးရေ (၂)ဦး၊ ကျောင်းသူဦးရေ(၃)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူဦးရေ (၅)ဦး ပျက်ကွက်ခဲ့ကြောင်းနှင့် ပထဝီဝင်ဘာသာရပ်တွင် ဖြေဆိုရန်စာရင်းရှိ ကျောင်းသားဦးရေ (၈၂)ဦး၊ ကျောင်းသူဦးရေ (၃၂)ဦး၊ စုစုပေါင်းကျောင်းသား/ကျောင်းသူဦးရေ (၁၁၄)ဦးရှိပြီး၊ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသားဦးရေ(၈၀) ဦး၊ ကျောင်းသူဦးရေ(၃၂)ဦး၊ စုစုပေါင်း ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ ဦးရေ (၁၁၂)ဦး ဝင်ရောက်ဖြေဆိုကာ၊ ပျက်ကွက်ကျောင်းသားဦးရေ (၂)ဦး၊ ကျောင်းသူဦးရေ ပျက်ကွက်မှုမရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ကျင်းပ စစ်ဆေးသည့်ကာလအတွင်း ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်စေရန် ကျောင်းဝန်းအတွင်းနှင့် အပြင်များ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက အနီးကပ်ကြီးကြပ်စောင့်ရှောက်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်) (၃၉၉)