Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တာချီလိတ်မြို့၌ သဘာဝဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်နိုင်ရေး အသင့်စုဖွဲ့ထားရှိခြင်းနှင့် စက်လှေများ လေ့ကျင့်မောင်းနှင်ခြင်း ဆောင်ရွက်
Jun 19,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဝူတစ်မုန်တိုင်းအရှိန်ကြောင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ထားရှိခြင်းနှင့် စက်လှေများလေ့ကျင့်မောင်းနှင်ခြင်းကို ယနေ့ နံနက် ၈ နာရီက ရှမ်းရိုးမကွင်းပြင်နှင့် မယ်ဆိုင်ချောင်းတို့တွင် ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်မြို့နယ်၌ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မြေမြှုပ်ထည့်သွင်းခြင်း အခမ်းအနားကျင်းပ
Jun 19,2025
မြေဆီလွှာပျက်စီးမှုမှထိမ်းသိမ်းရန်၊ မြေသြဇာကောင်းမွန်ရန်နှင့်တောင်သူများအတွက် ရေရှည်အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်၍ ဧရာဝတီ တိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက ၂၀၂၅ ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) စံကွက်ရိတ်သိမ်းခြင်းနှင့် မြေမြှုပ်ထည့်သွင်းခြင်း အခမ်းအနားကို အိုင်ကြီးကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၀၅၉B၊ တောင်သူ ဦးဝင်းဇော်၏ လယ်မြေ (၄)ဧက၌ ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လဲချားမြို့နယ်တွင် မီးဘေးသင့်မိသားစု အားထောက်ပံ့ပစ္စည်းများပေးအပ်
Jun 19,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် မီးဘေးသင့်မိသားစုအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မတ်လန်းကျေးရွာနေ လုံးခမ်းခေါင်မိသားစုထံသို့ ပေးအပ်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းအေးသာစံမြို့နယ် ပရိယတ္တိသာသနဟိတအသင်းကြီးတွင် သီးခြားစာသင်တန်း နှူတ်ထောက် (အာဂုံ) ပြန်ဆိုပွဲ ကျင်းပ
Jun 19,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်ရှိ ပရိယတ္တိသာသနာဟိတ အသင်းအတွင်း၌ သီးခြားစာသင်တန်း နှူတ်ထောက် (အာဂုံ) ပြန်ဆိုပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီချိန်တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်ကြီးမြို့နယ်တွင်၂၀၂၅ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရာသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် လာရောက်ကြည့်ရှုအားပေး
Jun 19,2025
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ Grade -12 ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင် ဘာသာရပ် ဖြေဆိုနေမှုအား ယနေ့ နံနက် ၉ နာရီခွဲက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူနှင့်အတူ မြို့မရပ်ကွက်ရှိ အ-ထ-က ပုသိမ်ကြီး စာစစ်ဌာနသို့ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆို နေမှုအား လာရောက်ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ထည့်သွင်းခြင်း ဆောင်ရွက်
Jun 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ လယ်ယာမြေများတွင် နှစ်စဉ်စိုက်ပျိုးလျက်ရှိသော စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးရာတွင် မြေဆီလွှာများရှိ အာဟာရဓာတ်များကိုဖြည့်ပေးရန် သဘာဝမြေဩဇာဖြစ်သော သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ကို လယ်မြေအတွင်းထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျုံကလွတ်ကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာ၊ ကွင်းအမှတ်(၁၂၁C)၊ ဦးပိုင်အမှတ်(၁/၄)၊ ဧရိယာ(၆.၀၀)ဧကရှိ တောင်သူ ဦးသိန်းဝင်း၏လယ်မြေဧရိယာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့၌ ဇော်ဂျီရေထိန်းဆည်အောက်ပိုင်းမှ ကျိုးပေါက်နိမ့်ကျလျက်ရှိသော မြေသားတာပေါင် တောင့်တင်းခိုင်မာစေရန် မြေဖို့ပြုပြင်ခြင်းများ ဆောင်ရွက်…
Jun 19,2025
မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ဇော်ဂျီမြစ်သည် ကျောက်ဆည်မြို့အတွင်းမှ ဖြတ်သန်းစီးဆင်လျက်ရှိပြီး မိုးရာသီမြစ်ရေးများချိန်တွင် မြစ်ဘောင်နိမ့်ကျသည့် ကြက်မင်းတွန်ရပ်ကွက်တွင် မြစ်ရေများဝင်ရောက်သည့်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဇော်ဂျီ ရေထိန်းဆည်အောက်ပိုင်း ကျိုးပေါက်နိမ့်ကျလျက်ရှိသော မြေသားတာပေါင် တောင့်တင်းခိုင်မာ စေရန် မြေပြုခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (Grade-12)စတုတ္ထနေ့၌ ဓာတုဗေဒဘာသာရပ်တွင်(၆၀၈)ဦး ၊ ပထဝီဝင်ဘာသာရပ်တွင်(၅၃)ဦ…
Jun 19,2025
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅-ခုနှစ်တက္ကသိုလ်ဝင်တန်း Grade – 12 စတုတ္ထနေ့၌ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို ယနေ့နံနက်(၉)နာရီအချိန်ကစတင်၍ တံတားဦးမြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် အေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1302
Page
1303
Page
1304
Page
1305
Current page
1306
Page
1307
Page
1308
Page
1309
Page
1310
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department