ကျုံပျော်မြို့နယ်၌ အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာဖြင့်ရောင်းချ

ကျုံပျော် ဇွန် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ပြည်သူများစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆန်နှင့်အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းကို ကျုံပျော်မြို့ မြို့မဈေးရှေ့တွင် ယ‌မန်နေ့နံနက် ၇ နာရီက ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် (၂၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၃၃၀)ကျပ် ၊ ဘဲဥတစ်လုံးလျှင်(၄၀၀) ကျပ်၊ ဆီတစ်ပိဿာလျှင် (၇၀၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ဆန်(၂)ပြည်၊ ဆီ(၁)ပိဿာ၊ ကြက်ဥ(၁၀)လုံး၊ ဘဲဥ(၁၀)လုံးနှုန်းဖြင့် စုစုပေါင်း ဆန်(၁၀)အိတ်၊ ဆီပိဿာ(၁၀၀)၊ ကြက်ဥ(၁၀၀၀)လုံးနှင့် ဘဲဥ(၁၀၀၀) လုံးအား ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ခင်မေဝင်းနှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ တာဝန်ရှိသူများပူးပေါင်း၍ဈေးရောင်းဝယ်နေမှုများအား သွားရောက်ကြည့်ရှု အားပေးကူညီခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)