အမြို့မြို့အနယ်နယ်သတင်းများ

Jun 18,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား/သူများအား ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီက ‌ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 18,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/သူများ စိတ်ရွှင်လန်း၍ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 18,2025
၂၀၂၄-၂၀၂၅ ပညာသင်နှစ် (Grade-12) တက္ကသိုလ်ဝင်စာ‌မေးပွဲ ပြန်လည်ကျင်းပစစ်‌ဆေးခြင်းများကို ဇွန်လ ၁၆ ရက်နေ့မှ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီး၌ ကျင်းပ‌ဖြေဆိုခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် အ.ထ.က(စဉ့်ကိုင်)စာစစ်ဌာန၊ အ.ထ.က(ပလိပ်) စာစစ်ဌာနနှင့် အ.ထ.က(ဘယ်လင်း) စာစစ်ဌာနတို့၌ ယနေ့နံနက်ပိုင်းက တတိယနေ့အဖြစ် သင်္ချာဘာသာရပ်ကို ကျောင်းသား/သူ (၁၂၄၄) ဦးတို့ စိတ်အေးချမ်းသာစွာ ဆက်လက်ဖြေဆိုလျက်ရှိ‌‌ကြောင်း သိရသည်။
Jun 18,2025
၂၀၂၅ ခုနှစ်၊ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်၊ ကရင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ခရစ်ကက်ဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ခရစ်ကက်နည်းပြ (Level-A) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်က ကရင်ပြည်နယ် ဘားအံမြို့ လူငယ်စင်တာ၌ ပြုလုပ်ကျင်းပခဲ့သည်။
Jun 18,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်၍ ဥယျာဉ်ခြံလုပ်ငန်းများကို အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ လက်ဖက်စိုက်ပျိုးခြင်း လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး လက်ဖက်ကို တစ်နှစ်တာပတ်လုံး အရွက်နုများထွက်ရှိချိန်တွင် လက်ဖက်‌ခြောက်၊ လက်ဖက်စိုများ ပြုလုပ်ရောင်းချရာတွင် ဈေးကောင်းရရှိသည့်အတွက် ဒေသခံတောင်သူများမှာ မိမိတို့ ဥယျာဉ်ခြံမြေများ၌ လက်ဖက်စိုက်ပျိုးသူများ ပိုမိုများပြားလာကြောင်း သိရသည်။
Jun 18,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက ပျဉ်းမမြိုင်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jun 18,2025
 မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲများကို ယနေ့နံနက်(၉)နာရီမှ စတင်၍ ပြန်လည်ဖြေဆိုလျက်ရှိရာ၊ သင်္ချာဘာသာကို၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၈၀)ဦး အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Jun 18,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်‌‌မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် ပြန်လည်ဖြေဆိုသည့်တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ ၁၆ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် သင်္ချာ ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများက စာစစ်ဌာန အသီးသီးတွင် စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိသည်။  ချမ်းမြသာစည်မြို့နယ်တွင် စာစစ်ဌာန(၆)နေရာထားရှိကာ ယနေ့သင်္ချာဘာသာရပ် ဖြေဆိုရာတွင်စာရင်းရှိကျောင်းသား /သူ(၂၁၃၆) ဦး၊ ပျက်ကွက် ကျောင်းသား/သူ ( ၃၄) ဦး၊ ဖြေဆိုကျောင်းသား/သူ (၂၁၀၂) ဦး ဖြေဆိုခဲ့ကြသည်။