တွန်းဇံ မတ် ၈
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က တွန်းဇံစာစစ်ဌာနနှင့် အ.ထ.က ကျီခါးစာစစ်ဌာနတို့တွင် ပထမရက် မြန်မာစာ ဘာသာရပ်ကို ယနေ့နံနက် ၉ နာရီမှ ၁၂ နာရီအထိ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အပြင်စည်း စောင့်ကြပ်ခြင်းကို စာမေးပွဲနောက်ဆုံးရက်အထိ အလှည့်ကျ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တွန်းဇံမြို့ အ.ထ.က စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ၈၇ ဦး ကလည်းကောင်း၊ အ.ထ.က ကျီခါးစာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ၂၁၀ ဦး၊ စုစုပေါင်း ၂၉၇ ဦးက ပထမရက် မြန်မာစာ ဘာသာရပ်ကို စိတ်အေးချမ်းသာစွာ ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇိုဇွန်းပါလ်(ပြန်/ဆက်)