ရန်ကုန် မတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်နေ့မှစတင်၍ မတ်လ(၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ယနေ့ပထမနေ့တွင် မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၁၁၀၀)ဦးတို့က မြို့နယ်အတွင်းရှိ သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများတွင်အေးချမ်းစွာဖြင့် အသီးသီးဝင်ရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နယ်၌ စာစစ်ဌာန(၅)ခုဖြစ်သော အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(၃)၊ အ.ထ.က(၆)၊ အ.လ.က(၁၃)ကျောင်းတို့ဖြစ်ပြီး ဘာသာတွဲ(၃)ခုတို့တွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူဦးရေ(၁၂၄၁)ဦးရှိပြီး ပထမနေ့မြန်မာစာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၁၁၀၀)ဦးဖြေဆိုရာ ရာခိုင်နှုန်းအားဖြင့် (၈၈.၆၄)ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။
သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် အမှတ်(၄)တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီးကျော်စိုးဦး၊ အင်းစိန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးမင်းထွဋ်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသုခလှိုင်၊ အဖွဲ့ဝင်(၃)ဦးညီညီစိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးယာယီရဲမှူးသန့်ဇင်၊ မြို့နယ်ပညာရေးမှူးဒေါ်ဝင်းဝင်းနွယ်၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးကျော်ဇင်လတ်၊ မြို့နယ်ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မြို့နယ်အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)