တာမွေ မတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ၂၀၂၃ ခုနှစ် မတ်လ(၈)ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ်ကို မြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် စတင်ကျင်းပခဲ့ပြီး ကျောင်းသား/သူ (၈၈)ရာခိုင်နှုန်းကျော် အေးချမ်းစွာ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။
အဆိုပါတာမွေမြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်အား ဖြေဆိုရန် စာရင်းရှိ ကျောင်းသား(၃၂၁)ဦး၊ ကျောင်းသူ(၃၉၉)ဦး စုစုပေါင်း(၇၂၀)ဦးရှိရာ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၂၈၂)ဦး၊ ကျောင်းသူ(၃၅၄)ဦး စုစုပေါင်း (၆၃၆)ဦးအထိရှိပြီး ဖြေဆိုမှုရာခိုင်နှုန်းမှာ (၈၈.၃၃)ရာခိုင်နှုန်းအထိရှိကြောင်း သတင်းရရှိပါသည်။ နိုင်လင်းအောင်