အမြို့မြို့အနယ်နယ်သတင်းများ

Mar 08,2023
နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲများကို ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ယနေ့နံနက် ၉ နာရီက ကျောင်းသားကျောင်းသူများ စာစစ်ဌာနအသီးသီး၌ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာ ဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီအချိန် တွင် စာစစ်ဌာန(၉)ခု တို့တွင် အေးချမ်းစွာ စတင်ဖြေဆိုကြကြောင်း သိရသည်။
Mar 08,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ရပ်ကွက်နေ ပြည်သူများအား အခြေခံ စားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်ဆောင်ရွက်မှုဖြင့် ယနေ့နံနက် ၇ နာရီက စည်ပင်သာယာခန်းမ၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Mar 08,2023
ပညာရေးဝန်ကြီးဌာနမှကျင်းပသည့် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပဲခူးတိုင်းဒေသကြီး၊  ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ အ.ထ.က ကျောင်း(ဝေါ)နှင့် အ.ထ.က(မြစ်ကျိုးကျောင်း)စာစစ်ဌာန၌ မြန်မာစာဘာသာရပ်ကို ယနေ့နံနက်ပိုင်းက အေးချမ်းစွာလာရောက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 08,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ယနေ့နံနက် (၉) နာရီအချိန်မှစ၍ ၂၀၂၂-၂၀၂၃ပညာသင်နှစ်  တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အေးချမ်းစွာ စတင်ဖြေဆိုကြောင်း သိရသည်။
Mar 08,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ ၂ဝ၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မဘိမ်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်မှ စတင်ကျင်းပ လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။
Mar 08,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က တိုက်ပွဲရှောင်စခန်းများရှိ တိုက်ပွဲရှောင်ပြည်သူများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
Mar 08,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကိုယနေ့နံနက် (၉)နာရီက စတင်ဖြေလျက်ရှိရာ သီပေါမြို့နယ်အတွင်းရှိသတ်မှတ် စာစစ်ဌာန များတွင်  ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။